ငါးရှဉ့်သည် ရှည်လျား၍ ချောသည်။ ရုတ်တရက် ကြည့် လိုက်လျှင် ငါးဟုမည်သူမှမထင်ဘဲ
ရေမြွေတစ်မျိုးဟု ထင်မှတ် မှားကြသည်။ တစ်ချို့သည် တွင်းနှင့် နေလေ့ရှိသည်။ မြွေကဲ့သို့
အကြေးခွန်မရှိပေ။ ပြောင်ချောနေပြီး အဖမ်းရခက်၏။ တိရစ္ဆာန် အသေကောင်များကို
စားသောက် လေ့ရှိသည်။ ငါးရှဉ့်တွင် နှစ်မျိုး ရှိသည်။ ငါးရှဉ့်ပနီ (ပါးနီ)နှင့်
ငါးရှဉ့်ပမဲ (ပါးမဲ)ဟူ၍ ဖြစ်သည်။ ငါးရှဉ့်သည် စင်စစ် ရေချိုသားငါးဖြစ်၍ ချောင်း၊
မြောင်း၊ အင်းအိုင်များမှာ ငါးရှဉ့်တို့၏ မူလနေရပ်များဖြစ်သည်။
ဆောင်းဦးပေါက်လာလျှင် ငါးရှဉ့်တို့သည် မြစ်ချောင်းများမှ ပင်လယ်သို့
ဆင်းလာကြသည်။ ယင်းသို့ ဆင်းလာရာ၌ ည ဘက်တွင် ခရီးပို၍ သွားကြသည်။ နေ့အခါတွင်
တစ်စုတစ်အုပ် တည်း ရေအောက်ရှိ ရွှံ့နွံထဲတွင် ပုန်းလျှိုး၍ နေလေ့ရှိကြသည်။ ညမှောင်စ
အချိန်သို့ ရောက်သည်နှင့် ခရီးဆက်သွားကြပြန် သည်။ ပင်လယ်သို့ရောက်သောအခါ
ကမ်းခြေတစ်လျှောက်တွင် သာမက ရေနက်သော နေရာများ၌လည်း ကျက်စားကြသည်။
ဝီကီပီးဒီးယားသည် သုံးစွဲသူများက ပူးပေါင်း၍ ရေးသားတည်းဖြတ်သော
စွယ်စုံကျမ်းဖြစ်ပါသည်။ ဝီကီဟု ခေါ်သော ဝက်ဘ်ဆိုက် ပုံစံတစ်မျိုးကို အသုံးပြု၍
ပူးပေါင်းရေးသားခြင်းကို အဆင်ပြေစေရန် စီမံထားခြင်းဖြစ်ပါသည်။ သုံးစွဲသူများမှ
နာရီအလိုက် ပြင်ဆင်မှုပေါင်း များစွာကို ပြုလုပ်၍ ဝီကီပီးဒီးယားကို ပို၍ကောင်းမွန်အောင်
ဆောင်ရွက်နေကြပါသည်။ မြန်မာဝီကီပီးဒီးယားတွင် ယူနီကုဒ် ၅.၂ စံနှုန်းကို လိုက်နာသော
မည်သည့်ဖောင့်အမျိုးအစား နှင့်မဆို ဖတ်ရှုခြင်း၊ တည်းဖြတ်ခြင်းများ
ပြုလုပ်နိုင်ပါသည်။
ဤစာမျက်နှာကို ၂၉ ဇူ​လိုင်​ ၂၀၁၁ ရက် ၁၀:၃၄ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
တခြား အကြံပေးခြင်း၊ ဆွေးနွေးခြင်းများရှိရင်တော့ မြန်မာဝီကီပီးဒီးယား လက်ဖက်ရည်ဆိုင်မှာ
စမ်းသပ်ကြည့်ချင်တယ် ဆိုရင် ဤစာမျက်နှာကို သုံးပြီး စာမျက်နှာတည်းဖြတ်မှုကို
စမ်းသပ်နိုင်ပါတယ်။
ဝီကီပီးဒီးယားမှ ကြိုဆိုပါသည်။
မည်သူမဆို ကြည့်ရှုပြင်ဆင်နိုင်သော အခမဲ့ အင်တာနက်စွယ်စုံကျမ်း ဖြစ်ပါသည်။
အကြောင်းအရာပေါင်း ၇၃၃၁ ခုကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။

